သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
နည်းပညာတက္ကသိုလ်(မန္တလေး)
၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ်(မန္တလေး) အတွက်လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်း၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ Open Tender ပုံစံများကို (၁၁.၈.၂၀၂၂) ရက်နေ့မှ စ၍ (၂၄.၈.၂၀၂၂)ရက်နေ့ အထိ ရုံးချိန်အတွင်း နည်းပညာတက္ကသိုလ်(မန္တလေး)ငွေစာရင်းဌာနတွင် ဝယ်ယူနိုင်ပြီး (၂၆.၈.၂၀၂၂) ရက်နေ့ ညနေ (၄:၀၀)နာရီ နောက်ဆုံးထား၍ တင်ဒါဖောင်များကို တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ် အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-၀၉-၂၅၆၁၂၉၈၆၈, ၀၉-၉၇၇၇၉၉၉၃၄, ၀၉-၅၃၄၃၈၂၀ တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
နည်းပညာတက္ကသိုလ်(မန္တလေး)