(၂၈-၃-၂၀၂၅)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျင်းပမှု ခေတ္တရပ်နားခဲ့ရသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် စာမေးပွဲများအား (၂-၆-၂၀၂၅) ရက်နေ့ မှစ၍ ဆက်လက်ကျင်းပလျှက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံ၍ အေးချမ်းအဆင်ပြေစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(မန္တလေး) တွင် ကျောင်းသား၊ကျောင်းသူ ဦးရေ စုစုပေါင်း (၂၀၀၇)ဦးရှိပြီး ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ အေးချမ်းစွာ ဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် နည်းပညာတက္ကသိုလ်(မန္တလေး) တက္ကသိုလ်ပညာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။